မဆုတ်မနစ်ကြိုးပမ်းမှု၏အစွမ်းတန်ခိုး
၁၉၁၇ ခုနှစ်၌ အပ်ချုပ်သမငယ်တစ်ဦးသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၏ နာမည်အကျော်ကြားဆုံး ဖက်ရှင်ဒီဇိုင်းကျောင်းတစ်ကျောင်း၌ တက်ရောက်ခွင့်ရ၍ လွန်စွာစိတ်လှုပ်ရှားခဲ့သည်။ သို့ရာတွင် Ann Lowe Cone (အဲန်းလိုဝီခုန်း)သည် အတန်းအပ်ရန် ဖလော်ရီဒါပြည်နယ်မှ ရောက်လာသည့်အခါ ကျောင်းတာဝန်ခံက “ပွင့်ပွင့်လင်းလင်းပြောရရင် မစ္စခုန်းဟာ နီဂရိုး (လူမည်း)တစ်ဦးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မသိခဲ့ဘူး” ဟု သူမကို မကြိုဆိုကြောင်း ပြောခဲ့သည်။ လှည့်ပြန်ရန် ငြင်းဆန်လျက် “ကျွန်မကို ဒီမှာ နေခွင့်ပေးပါ” ဟု သူမ တီးတိုးဆုတောင်းခဲ့သည်။ သူမ၏ မဆုတ်မနစ် ဇွဲကောင်းမှုကို မြင်ရပြီးနောက် တာဝန်ခံက အဲန်းအား နေထိုင်ခွင့်ပေးခဲ့သော်လည်း လူဖြူများသာ သီးသန့်တက်ခွင့်ရသည့် စာသင်ခန်းတွင် သူမအား တက်ခွင့်မပေးပေ။ သင်ခန်းစာများကို သူမနားထောင်နိုင်ရန်အတွက်စာသင်ခန်း၏ အနောက်ဖက်တံခါးကိုသာ ဖွင့်ပေးထားခဲ့သည်။
အဲန်းသည် ထူးချွန်စွာဖြင့် (၆) လစောကာ အတန်းပြီးမြောက် အောင်မြင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၏ သမ္မတကတော်…
ရေနက်ရာ
William Bill Pinkney (ဝီလီယျံဘေးလ်ပင့်ခ်နေ)သည် ၁၉၉၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းသို့ တစ်ကိုယ်တော်ရွက်လွှင့်ခဲ့စဥ်က အန္တရာယ်များသော ‘Great Southern Capes’ (ကြီးမားသောတောင်ပိုင်းအငူများ) လမ်းကြောင်းအတိုင်း ရွက်လွှင့်ခဲ့ပြီး၊ ထိုလမ်းကြောင်းကို မြင့်မားသောရည်ရွယ်ချက်ဖြင့် သူတမင်ရွေးခဲ့သည်။ ထိုခရီးစဉ်မှာ ကလေးများကို စိတ်ဓာတ်လှုံ့ဆော်ပေးရန်နှင့် ပညာပေးရန်ဖြစ်သည်။ ကလေးများဆိုရာ၌ သူသင်ကြားခဲ့ဖူးသော အမေရိကန်နိုင်ငံ၊ ရှီကာဂို မြို့တွင်း မူလတန်းကျောင်းမှ ကျောင်းသားများလည်း ပါဝင်သည်။ သူ၏ပန်းတိုင်မှာ စာကိုကြိုးစားသင်ယူခြင်းနှင့် သစ္စာအဓိဌာန်ပြုခြင်းဖြင့် မည်သည့်အတိုင်းအတာထိ ခရီးပေါက်နိုင်ကြောင်းကို ပြသရန်ဖြစ်ပြီး၊ သူ့လှေကိုလည်း “သစ္စာအဓိဌာန်” ဟုနာမည်ပေးထားသည်။ ဘေးလ်က ကျောင်းသားလေးများကို “သစ္စာအဓိဌာန်”လှေဖြင့် ခေါ်သွားသောအခါ “သူတို့ရဲ့လက်နဲ့ တက်မကို ကိုင်စေပြီး၊ ဘဝမှာ အောင်မြင်ဖို့အတွက် လိုအပ်တဲ့အခြေခံအချက်ဖြစ်တဲ့ ထိန်းချုပ်မှု၊ ကိုယ်ကိုချုပ်တည်းမှု၊ အဖွဲ့လိုက်လုပ်ဆောင်မှုအကြောင်းကို လေ့လာသင်ယူစေတယ်” ဟုပြောခဲ့သည်။
ဘေးလ်၏စကားများသည် ရှောလမုန်၏ဉာဏ်ပညာကို ပုံဆောင်သည်။ “လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့်တူသော်လည်း၊…
ဘုရားရှင် ကျွန်ုပ်တို့ကို အသစ်ပြုပြင်ပေးသည်
ဟိုတယ်ခန်းထဲမှ သုံးပြီးသားဆပ်ပြာအကျန်များကို ဘာလုပ်ပစ်ကြသနည်းဟု ခရီးသွားလုပ်ငန်း အမှုဆောင်အရာရှိ Shawn Seipler (ရှောန်စီပလာ)သည် ထူးဆန်းစွာတွေးကာ အဖြေရှာမရ ဖြစ်နေခဲ့သည်။ အမှိုက်အဖြစ် စွန့်ပစ်လိုက်သော ဆပ်ပြာတုံးသန်းပေါင်းများစွာကို အသစ်ပြန်လည်ဖန်တီးနိုင်သည်ဟု စီပလာယုံကြည်သည်။ ထို့ကြောင့် ဟိုတယ်ပေါင်း ရှစ်ထောင်ကျော်၊ အပျော်စီးသင်္ဘောလိုင်းများနှင့် အပန်းဖြေစခန်းများမှ စွန့်ပစ်ဆပ်ပြာ ပေါင်သန်းပေါင်းများစွာကို ပိုးသတ်ပြီး၊ ဆပ်ပြာတုံးအသစ်ပြန်ထုတ်လုပ်သည့် ‘Clean the World’ (ကမ္ဘာကိုသန့်ရှင်းပါ) လုပ်ငန်းကို သူတည်ထောင်ခဲ့သည်။ ထိုဆပ်ပြာများကို နိုင်ငံပေါင်း တစ်ရာကျော်မှ လိုအပ်နေသူတို့ထံပေးပို့ခြင်းဖြင့် ကျန်းမာရေးနှင့်ဆက်စပ်သည့် မရေတွက်နိုင်အောင်များသော သေဆုံးမှုများနှင့်ဖျားနာမှုများကို ကာကွယ်တားဆီးနိုင်ခဲ့သည်။
စီပလာက “ပြောရရင် ရယ်စရာဖြစ်နေမယ်။ ဒါပေမယ့် ဟိုတယ်ခန်းက ဆပ်ပြာတုံးလေးသည် အသက်တစ်ချောင်းကို ကယ်နိုင်တယ်” ဟု ဆိုသည်။
တစ်ဖန် ပြန်၍အသက်သစ်ပေးရန်အတွက် သုံးပြီးသား (သို့) ညစ်ပေသောအရာများကို ပြန်လည်စုသိမ်းခြင်းသည် ကျွန်ုပ်တို့၏ကယ်တင်ရှင် သခင်ယေရှု၏ အလွန်မြတ်နိုးဖွယ်သောလက္ခဏာများထဲမှ တစ်ခုဖြစ်သည်။ ထိုသဘောအတိုင်းပင်…
သေးသော်လည်း ကြီးမြတ်သည်
ကောလိပ်ကျောင်း ရေကူးသမားတစ်ဦးသည် သူမ၏ရေကူးနှုန်း အလွန်နှေးခြင်းကြောင့် “အိုလံပစ်အားကစားပွဲမှာ ငါပါနိုင်မှာလား” ဟု ပူပန်မိသည်။ သို့သော် သင်္ချာ ပါမောက္ခ Ken Ono (ခန်အိုနို)က သူမရေကူးသည့် နည်းစနစ်ကို လေ့လာသုံးသပ်ပြီးနောက်တွင် ပြိုင်ပွဲအဆင့်၌ အဓိကကျသော ခြောက်စက္ကန့်အချိန်ပြည့်ကွဲပြားမှုဖြင့် သူမ၏အချိန်ကို တိုးတက်စေနိုင်မည့် နည်းလမ်းကို တွေ့ခဲ့သည်။ ရေကူးသမား၏ နောက်ကျောတွင် အာရုံခံကရိယာကို ချည်နှောင်ထားပြီး၊ သူမ၏အချိန်ကို တိုးတက် စေရန် အဓိကကျသော အပြောင်းအလဲကို ခွဲခြမ်းစိတ်ဖြာခြင်း မပြုခဲ့ပေ။ ထိုအစား အိုနိုသည် အမှန်ကို ပြုပြင်ပေးသည့် လုပ်ဆောင်ချက် အသေးအမွှားကို ဖော်ထုတ်ပြပြီး၊ အကယ်၍ ၎င်းကို လက်တွေ့လုပ်ဆောင်ပါက ရေကူးသမားသည် ရေထဲတွင် ပို၍ထိရောက်စွာ စွမ်းဆောင်နိုင်မည်ဖြစ်ပြီး နိုင်ခြေရလဒ်ကွဲပြားမည်ဖြစ်သည်။
ဝိညာဥ်ရေး၌လည်း အမှန်ကိုပြုပြင်သည့် အပြုအမူအသေးအမွားများသည် ကျွန်ုပ်တို့အတွက် အပြောင်းအလဲကြီးကြီးမားမားကို ဖြစ်စေနိုင်သည်။ ဖမ်းဆီးသိမ်းသွားခံရာမှ ပြန်လာပြီးနောက် ဘုရားသခင်၏ဗိမာန်တော်ကို ပြန်လည်တည်ဆောက်…
ဘုရား၏သိကျွမ်းခြင်း ခံရသူ
ညီအစ်ကိုနှစ်ဦးသည် မွေးစားခံရပြီး ကွဲသွားသည်။ အနှစ်နှစ်ဆယ်ကြာပြီးမှ သူတို့နှစ်ဦးပြန်လည်တွေ့ဆုံရန် DNA စစ်ဆေးမှုက ကူညီပေးခဲ့သည်။ Kieron (ခီရွန်)က သူ၏ညီအစ်ကိုဟု ယုံကြည်ယူဆရသော Vincent (ဗင်းဆင့်)ထံ မက်ဆေ့ချ်ပို့ ဆက်သွယ်သောအခါ ဗင်းဆင့်က “ဒီလူစိမ်းက ဘယ်သူလဲ”ဟု တွေးခဲ့သည်။ ခီရွန်က သူ့မွေးနာမည်ကို မည်သို့မှည့်ခဲ့သနည်းဟု မေးသောအခါ ဗင်းဆင့်က “Tyler” (တိုင်လာ)ဟု ချက်ချင်း ပြန်ဖြေခဲ့သည်။ ထို့နောက် သူတို့သည် ညီအစ်ကိုဖြစ်ကြောင်း သူသိလိုက်သည်။ သူ၏နာမည်အားဖြင့် သူ့ကိုမှတ်မိလိုက်သည်။
ရှင်ပြန်ထမြောက်ခြင်းအဖြစ်အပျက်တွင် နာမည်တစ်ခု၏ အဓိကအခန်းကဏ္ဍမှ ပါဝင်ပုံကို သုံးသပ်ကြည့်ပါ။ မာဂဒလမာရိသည် ခရစ်တော်၏သင်္ချိုင်းဂူ၌ သခင်၏ခန္ဓာကိုယ် ပျောက်ဆုံးနေသည်ကို တွေ့သောအခါ ငိုကြွေးခဲ့သည်။ သခင်ယေရှုက “အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း” ဟု မေး၏ (ယော ၂၀:၁၅)။ “မာရိ” (:၁၆)ဟု ခရစ်တော်မမြွက်ဆိုမီအထိ သူမသည် သခင့်ကို မမှတ်မိခဲ့ပါ။…
ခွန်အားကြီးလျက် ကောင်းမြတ်သော
ဒုက္ခတွေ့နေသော ကောလိပ်သာသနာတာဝန်ခံ လူရွယ်အမှုတော်ဆောင်ကို ဘုရား သခင်ထံမှ လမ်းညွှန်မှုနှင့်မစကူညီမှုအတွက် ဆုတောင်းပါသလားဟု ကျွန်မအရဲစွန့်မေးလိုက်သည့်အခါ သူစိတ်ရှုပ်သွားပုံရသည်။ ရှင်ပေါလုတိုက်တွန်းထားသကဲ့သို့ မခြားမလပ် ဆုတောင်းရပါမည်။ “ဆုတောင်းခြင်းကို ကျွန်တော် ယုံကြည်သေးလား၊ ဒါမှမဟုတ် ဘုရားသခင် နားထောင်နေတယ်ဆိုတာကို ယုံသေးရဲ့လားဆိုတာ မသေချာတော့ဘူး” ဟု မျက်မှောက်ကြုတ်ကာ သူဝန်ခံသည်။ သူသည် အမှုတော်လုပ်ငန်းတစ်ခုကို သူ၏ခွန်အားအစွမ်းနှင့် “တည်ထောင်”နေခြင်းဖြစ်ပြီး၊ ဝမ်းနည်းစရာမှာ ထိုလုပ်ငန်း ကျရှုံးနေသည်။ ဘုရားသခင်ကို သူ ငြင်းပယ်နေ၍ ဖြစ်သည်။
အသင်းတော်၏ တိုက်ထောင့်အထွတ်ကျောက်ဖြစ်သော သခင်ယေရှုသည် အစဥ်အမြဲ ငြင်းပယ်ခံရပြီး၊ စင်စစ် ပထမဆုံး သူ့လူမျိုး၏ငြင်းပယ်ခြင်းကို ခံခဲ့ရသည် (ယော ၁:၁၁)။ ယနေ့တွင်လည်း လူများစွာတို့သည် သူ့အား ငြင်းပယ်လျက်ရှိပြီး၊ ခိုင်ခံ့မှုအားနည်းသော အုတ်မြစ်များဖြစ်သည့် မိမိတို့၏ ကိုယ်ပိုင်အကြံအစည်၊ စိတ်ကူးအိပ်မက်များနှင့် အားကိုးအားထားမပြုနိုင်သော အခြားအရာများအပေါ် အခြေပြုလျက် သူတို့၏ဘဝ၊ အလုပ်အကိုင်နှင့် အသင်းတော်ကိုပင်…
ခါးသီးသောပင်မြစ်မှ ခွင့်လွှတ်ခြင်းပန်းပွင့်သို့
ဧပြီလခေါင်းစဥ် | ခွင့်လွှတ်ခြင်း
နာကျည်းခါးသီးမှုနှင့် ကျွန်မ မကြီးပြင်းလိုခဲ့ပါ။ သို့သော် ကျွန်မအသားအရောင်က ကျွန်မကို ပစ်မှတ်ဖြစ်စေခဲ့သည်။ ဆရာတစ်ဉီးဆိုလျှင် ကျွန်မကို “လူမဟုတ်သူ” ဟုပင်ခေါ်သည်။ ရလဒ်ကား နာကျည်းရပြီပေါ့။ ရှင်ယေရှုကို ကျွန်မသိသည်။ သို့သော် နာကျင်မှုကိုလည်း ကျွန်မခံစားရသည်။…
အပြောင်းအလဲအတွက် ကစားပွဲ
လက်ဆွဲနှုတ်ဆက်ခြင်းက အဓိပ္ပာယ်များစွာကို ပုံဆောင်သည်။ ၁၉၆၃ ခုနှစ်၊ မတ်လ ၏ညတစ်ညတွင် လူဖြူနှင့် လူမည်း ကောလိပ်ဘတ်စကက်ဘောသမားနှစ်ဦးသည် လူမျိုးရေးခွဲခြားဆက်ဆံသူတို့၏ အမုန်းတရားကို လက်မခံဘဲ လက်ဆွဲနှုတ်ဆက်ကာ အမေရိကန်နိုင်ငံ၊ မစ္စစ္စပီပြည်နယ်သမိုင်းတွင် ပထမဆုံးအနေဖြင့် လူဖြူဘတ်စကက်ဘောအသင်းနှင့် လူဖြူလူမည်းရောနှောထားသည့် အသင်းတို့ ကစားခဲ့သည့်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အမျိုးသားအဆင့် ပြိုင်ပွဲတစ်ခုတွင်ပါဝင်သည့် “အပြောင်းအလဲအတွက် ကစားပွဲ”တွင် မစ္စစ္စပီပြည်နယ်အသင်းသည် ချီကာဂိုမြို့ Loyola (လွိုင်ယိုလာ) တက္ကသိုလ်အသင်းနှင့် ယှဥ်ပြိုင်ရမည်ဖြစ်ပြီး၊ လွိုင်ယိုလာအသင်း သူတို့ပြည်နယ်မှ ထွက်ခွာသွားအောင် တည်ကြက်ကစားသမားများကို သုံးကာ သူတို့အား တားဆီးရန် တရားဝင်အမိန့်ထုတ်ပြန်ချက်ကို မစ္စစ္စပီပြည်နယ်အသင်းမှ ရှောင်ရှားခဲ့သည်။ လွိုင်ယိုလာအသင်းမှ လူမည်းကစားသမားများသည် လူမျိုးရေးခွဲခြားပြောဆိုစွပ်စွဲမှုများကို ကစားပွဲရာသီတစ်လျှောက်လုံး ခံစားခဲ့ရပြီး ပေါက်ပေါက်၊ ရေခဲတုံးများဖြင့် ပစ်ပေါက်ခံခဲ့ကြရကာ ခရီးသွားစဥ်အတွင်း၌လည်း ကြိုဆိုမှု မခံခဲ့ရကြပေ။
မည်သို့ပင်ဖြစ်စေ ထိုလူငယ်များ ပါဝင်ယှဥ်ပြိုင်ခဲ့သည်။ Loyola Ramblers အသင်းသည် Mississippi…
အလင်းတော်ကို ထင်ဟပ်ပြခြင်း
ရှုခင်းပုံကို ဆီဆေးဖြင့်ရေးဆွဲရာတွင် ရောင်ပြန်အလင်း၏အလှကို သရုပ်ဖော်ရာ၌ ပန်းချီဆရာ Armand Cabrera (အာမန်းဒ်ကာဘရီရာ)သည် “ရောင်ပြန်အလင်းဟာ မူလအလင်းလောက် ဘယ်တော့မှ အရောင်မတောက်ဘူး” ဟူသည့် အနုပညာနိယာမကို ကိုင်စွဲသည်။ တက်သစ်စပန်းချီဆရာများက ရောင်ပြန်အလင်းကို ပိုလှအောင် အလင်းပိုထည့်တတ်ကြခြင်းကို သူသတိပြုမိသည်။ “ရောင်ပြန်အလင်းက အရိပ်နဲ့ဆိုင်တယ်။ ဒါကြောင့် ပန်းချီကားမှာ လင်းရမယ့်နေရာကို ယှဥ်ပြီးအပြိုင်မဆွဲဘဲ အရိပ်ကို ပံ့ပိုးရမှာ” ဟု သူက ပြောသည်။
“လူတို့၏အလင်း” (ယော ၁:၄) ဖြစ်သော သခင်ယေရှုနှင့်စပ်လျဥ်း၍ ထိုအမြင်နှင့် သဘောချင်းတူသည့် ဆင်ခြင်ရန်ထိုးထွင်းအမြင်ကို ကျွန်ုပ်တို့ ကြားရလေ့ရှိသည်။ “ထိုသူ(ယေရှု)ကို လူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည့်အကြောင်း” ဗတ္တိဇံဆရာယောဟန်သည် “အလင်းတော်အကြောင်းကို သက်သေခံခြင်းငှာ လာ၏” (:၇)။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းရေးသူက “ထိုသူ(ယောဟန်)သည် အလင်းတော်မဟုတ်၊ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှာသာ လာ၏” (:၈)ဟု ဆိုပါသည်။
မယုံကြည်သော လောကလောင်းရိပ်၌…
ဘယ်တော့မှ နောက်မကျဘူး
အနောက်အာဖရိက မြို့ငယ်လေးတစ်မြို့သို့ ဧည့်သည်အဖြစ်ရောက်ရှိခဲ့သည့် ကျွန်ုပ်၏အမေရိကန်သင်းအုပ်ဆရာက တနင်္ဂနွေမနက် (၁၀) နာရီ ဝတ်ပြုကိုးကွယ်ခြင်းအတွက် အချိန်မီ အရောက်သွားခဲ့သည်။ သို့သော် ဝတ်ပြုရာနေရာ၌ မည်သူမျှ မရောက်ရှိသေးပါ။ ဤသို့ဖြင့် ၁နာရီ၊ ၂နာရီ ကြာအောင် သူစောင့်ခဲ့သည်။ နောက်ဆုံး မွန်းလွဲ ၁၂နာရီခွဲခန့်တွင် ဒေသခံသင်းအုပ်ဆရာသည် အချိန်အတော်ကြာ လမ်းလျှောက်လာခဲ့ရပြီးမှ သံစုံသီချင်းကွာယာအဖွဲ့နှင့် ခင်မင်ရင်းနှီးမှုရှိသော ဒေသခံများနှင့်အတူ ရောက်လာသည်။ “နောက်ဆုံးတော့ အစီအစဉ် စခဲ့တယ်။ ဝိညာဉ်တော်က ကျွန်ုပ်တို့ကို ကြိုဆိုနေခဲ့တယ်။ ဘုရားသခင်လည်း နောက်မကျခဲ့ဘူး”ဟု ဆရာက ပြန်ပြောပြခဲ့သည်။ ဤဒေသ၏ဓလေ့က ကျွန်ုပ်တို့နှင့် မတူညီရခြင်းမှာ သူ့အကြောင်းနှင့်သူ ရှိနေသည်ဟု ဆရာနားလည်ခဲ့ရသည်။
အချိန်ကုန် မြန်ခြင်း၊ နှေးခြင်း၊ စောခြင်း၊ နောက်ကျခြင်းက မိမိကိုယ်တိုင်နှင့်သာသက်ဆိုင်သည်။ သို့သော် ဘုရားသခင်၏အချိန်မှန်ပြီး စုံလင်ခြင်းသဘောကို ကျမ်းစာတွင် အခိုင်အမာဖော်ပြထားသည်။ လာဇရုနာမကျန်းဖြစ်ကာ သေဆုံးပြီး (၄) ရက်ကြာမှ…